How to Register as an EZTopup Merchant: A Simple Step-by-Step Guide

EZTopup မှာ Merchant Account လျှောက်ထားဖို့အတွက် အရမ်းရိုးရှင်းပြီး လွယ်ကူတဲ့ Step-by-Step လမ်းညွှန်လေးကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
တစ်ဆင့်ချင်းစီ အတူတူ လိုက်လုပ်ကြည့်ရအောင်နော်…
Step 1: ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းခြင်း
ပထမဆုံးအနေနဲ့ “Merchant Application” စာမျက်နှာရဲ့ အပေါ်ဆုံးအပိုင်းမှာ မိမိရဲ့ အချက်အလက်တွေကို စစ်ဆေးပြီး ဖြည့်ပေးရပါမယ်။
Personal Information: မိမိရဲ့ နာမည်အပြည့်အစုံ (Full Name)၊ အီးမေးလ် (Email)၊ ဖုန်းနံပါတ် (Phone) နှင့်အတူ မှတ်ပုံတင်နံပါတ် (NRC Number) တို့ကို မှန်ကန်အောင် ဖြည့်သွင်းပေးပါ။
Step 2: လုပ်ငန်းဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းခြင်း
Business Information: မိမိရဲ့ ဆိုင်နာမည် (Business Name)၊ ဆိုင်လိပ်စာ (Business Address) နှင့် ဆိုင်ကို ကိုယ်စားပြုတဲ့ ဓာတ်ပုံ (Shop Image) တို့ကို မဖြစ်မနေ ဖြည့်သွင်းပေးရပါမယ်။ (လုပ်ငန်းမှတ်ပုံတင်နံပါတ် – Business Registration Number မှာတော့ မိမိတို့လုပ်ငန်းအလိုက် ရှိပါက ထည့်သွင်းနိုင်ပြီး၊ မရှိပါက ချန်လှပ်ထားနိုင်တဲ့ Optional အချက်အလက် ဖြစ်ပါတယ်။)
Step 3: တည်နေရာ ရှာဖွေခြင်းနှင့် ဆိုင်အချက်အလက်များ
Location Information: မိမိဆိုင်တည်ရှိရာ ပြည်နယ်/တိုင်း (Region/State) နဲ့ မြို့နယ် (City/Township) ကို ရွေးချယ်ပေးပါ။
GPS Location: အလွယ်ကူဆုံးနည်းလမ်းကတော့ ဖုန်းရဲ့ GPS ကို ဖွင့်ပြီး “Get current GPS location” ဆိုတဲ့ အပြာရောင်ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။ ဆိုင်ရဲ့ လတ္တီတွဒ် (Latitude) နဲ့ လောင်ဂျီတွဒ် (Longitude) ကို စနစ်က အလိုအလျောက် တိတိကျကျ ဖမ်းယူပေးသွားမှာ ဖြစ်ပါတယ်။
Visibility Options: အောက်ဘက်မှာ ဆိုင်ကို App ထဲမှာ အများမြင်အောင် ပြသချင်တယ်ဆိုရင် “Display shop” ခလုတ်လေးကို ဖွင့်ထားပေးပါနော်။
Step 4: လိုအပ်သော စာရွက်စာတမ်းများ Upload တင်ခြင်း
အချက်အလက်တွေ ဖြည့်ပြီးရင်တော့ Documents တွေ တင်ပေးရပါမယ်။ “Choose file” ခလုတ်လေးတွေကို နှိပ်ပြီး ဓာတ်ပုံလေးတွေ ရွေးပေးရုံပါပဲ။ (ဓာတ်ပုံ Format ကို PNG, JPG (သို့) JPEG နဲ့ တင်ပေးရပါမယ်)
Business License: လုပ်ငန်းလိုင်စင်ရှိရင် လိုင်စင်ဓာတ်ပုံ တင်ပေးပါ။
NRC Front Side & Back Side: မှတ်ပုံတင်ရဲ့ အရှေ့ဖက်နဲ့ အနောက်ဖက် ဓာတ်ပုံတွေကို တစ်ပုံချင်းစီ သေချာလေး ရိုက်ပြီး တင်ပေးပါ။
Shop Logo / Profile: နောက်ဆုံးအနေနဲ့ မိမိရဲ့ ဆိုင် Logo (သို့မဟုတ်) ဆိုင်ပရိုဖိုင်း ဓာတ်ပုံလှလှလေးတစ်ခု တင်ပေးရပါမယ်။
Step 5: လျှောက်လွှာ ပေးပို့ခြင်း
အချက်အလက်တွေ အကုန်လုံး ပြည့်စုံမှန်ကန်ပြီဆိုရင်တော့ စာမျက်နှာရဲ့ အောက်ဆုံးမှာရှိတဲ့ “Submit Application” ဆိုတဲ့ အပြာရောင်ခလုတ်ကြီးကို နှိပ်ပြီး လျှောက်လွှာကို ပေးပို့လိုက်လို့ ရပါပြီခင်ဗျာ။
EZTopup ရဲ့ အထူးခြားဆုံး အားသာချက်အနေနဲ့ကတော့ Merchant များအတွက် Merchant Commission (အရောင်းကော်မရှင်) နှုန်းထားများကို လုံးဝပွင့်လင်းမြင်သာစွာ ချပြပေးထားတာမို့ မိမိရရှိမယ့် အကျိုးအမြတ်ကို တိတိကျကျ တွက်ချက်ရလွယ်ကူပြီး ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ပါတယ်ခင်ဗျာ။
ကဲ… အရမ်းကို လွယ်ကူရိုးရှင်းတယ်မလား။ အချက်အလက်တွေကို ကျွန်တော်တို့ဘက်က သေချာစစ်ဆေးပြီးတာနဲ့ Merchant Account လေး အောင်မြင်စွာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ လုပ်ဆောင်နေစဉ်အတွင်း အခက်အခဲ တစ်စုံတစ်ရာရှိရင်လည်း အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။
Scroll to Top