The New MyEZTopup App is Here – Faster, Simpler, and Easier!

ဖုန်းဘေလ် ဖြည့်ဖို့ Web ထဲကနေ သွားနေရလို့ အားမရနေဘူးလား?
အဲ့တာဆို MyEZTopup App အဖြစ်နဲ့ ပြောင်းလဲ သုံးစွဲကြည့်လိုက်ပါ။
ဖုန်းဘေလ်တခါခါဖြည့်ဖို့ Web ကို သွားသွားဖွင့်မနေချင်ဘူး ဆိုသူများအတွက် အဲဒီအဆင့်တွေကို အပြီးတိုင် ဖယ်ရှားနိုင်မယ့် ပိုမိုမြန်ဆန်၊ ပိုမိုသွက်လက်ပြီး သုံးရတာ အရမ်းလွယ်ကူတဲ့ “MyEZTopup App” ကို အခုပဲ ဒေါင်းလုဒ်ဆွဲပြီး စမ်းသပ်လိုက်ပါ။
MyEZTopup App ကို သုံးမယ်ဆိုရင် ဖုန်းတစ်ချက်နှိပ်လိုက်တာနဲ့ ဘေလ်ဖြည့်တာကစလို့ အကုန်အဆင်ပြေသွားမှာပါ။ App ရဲ့ ဒီဇိုင်းကလည်း သုံးရတာ ရိုးရှင်းပြီး မျက်စိပသာဒ ဖြစ်စေတာမို့ တစ်ခါသုံးကြည့်တာနဲ့တင် အသားကျသွားမှာ သေချာပါတယ်။
အကောင့်ဖွင့်ဖို့ မာမားခေါက်ဆွဲ တစ်ခါပြုတ်စာတောင် အချိန် မလိုပါဘူးနော်…
အခုချက်ချင်း အကောင့်ဖွင့်ပြီး စသုံးချင်သူတွေအတွက် အဆင့်လေးတွေက အရမ်းကို ရိုးရှင်းပါတယ် –
(1) Download: App Store, Play Store သို့မဟုတ် Huawei Gallery မှာ “MyEZTopup” လို့ ရှာပြီး ဒေါင်းလုဒ်ဆွဲပါ။
(2) Sign In: App ကိုဖွင့်ပြီး Sign In ကိုနှိပ်ပါ၊ ပြီးရင် Register နှိပ်ပြီး အကောင့်အသစ် ဖွင့်လိုက်ပါ။
(3) Fill & Done: နာမည်၊ ဖုန်းနံပါတ်၊ Password ဖြည့်ပြီး “I agree…” ကို အမှန်ခြစ်ပေးပါ။
(4) Verify: နောက်ဆုံးအနေနဲ့ OTP နံပါတ်လေး ထည့်ပြီး “Verify & Continue” ကို နှိပ်လိုက်ရုံပါပဲ။
ကဲ… အခုဆိုရင် အားလုံးအဆင်သင့် ဖြစ်သွားပါပြီ! အချိန်မကုန်၊ အလုပ်မရှုပ်ဘဲ အဆင်ပြေဆုံးဖြစ်စေမယ့် MyEZTopup App ကို အခုပဲ ဖုန်းထဲမှာ ဆောင်ထားလိုက်တော့နော်။
အခုပဲ ဒေါင်းလုဒ်ဆွဲလိုက်ပါ -[https://eztopup.com.mm/app/install]
Scroll to Top