Data Package Purchase Guide

Data ကုန်လို့ လိုင်းပြတ်သွားမှာ စိုးရိမ်နေလား???
ဒါဆိုရင်တော့ စိတ်မပူနဲ့တော့နော်… ကျွန်တော်တို့ 𝐌𝐲𝐄𝐙𝐓𝐨𝐩𝐮𝐩 𝐀𝐩𝐩 ကနေ မိနစ်ပိုင်းအတွင်း Data Package တွေကို အလွယ်ကူဆုံး ဝယ်ယူလို့ရနေပါပြီခင်ဗျာ။
ဝယ်နည်းလေးက တကယ်ကို ရိုးရှင်းပါတယ်… လိုက်လုပ်ကြည့်ရအောင်
(1)  𝐌𝐲𝐄𝐙𝐓𝐨𝐩𝐮𝐩 𝐀𝐩𝐩 ထဲကို အရင်ဆုံး ဝင်လိုက်ပါ။
(2) 𝐃𝐚𝐭𝐚 𝐏𝐚𝐜𝐤𝐚𝐠𝐞 ဆိုတဲ့ ခလုတ်လေးကို နှိပ်ပါ။
(3) မိမိဝယ်ယူချင်တဲ့ ဖုန်းလိုင်းနဲ့ ပက်ကေ့ဂျ် (Package) အမျိုးအစားကို စိတ်ကြိုက်ရွေးချယ်ပါ။
(4) ပြီးရင်တော့ “Continue”ကို နှိပ်ပြီး ငွေပေးချေမှုအဆင့်ကို ဆက်သွားရုံပါပဲ ခင်ဗျာ။
ငွေပေးချေတဲ့အခါ သတိပြုရမယ့် အချက်လေးတစ်ခုတော့ ရှိပါတယ်ခင်ဗျာ
၁,၀၀၀ ကျပ်နှင့်အထက် ဆိုရင်တော့ လူကြိုက်များတဲ့ “MMQR” နဲ့ စကန်ဖတ်ပြီး မိမိအဆင်ပြေရာ Mobile Banking မျိုးစုံနဲ့ အလွယ်တကူ ပေးချေနိုင်ပါတယ်။
၁,၀၀၀ ကျပ်အောက် package လေးတွေ ဝယ်ယူမယ်ဆိုရင်တော့ MMQR ရဲ့ သတ်မှတ်ချက်အရ MMQR နဲ့ ပေးချေလို့ မရနိုင်ပါဘူနော်။ ဒါပေမဲ့ စိတ်မပူပါနဲ့… A+ Wallet၊ EZWallet (သို့မဟုတ်) မိမိအကောင့်ထဲမှာ Point အလုံအလောက်ရှိရင် “My Points” လေးတွေကို သုံးပြီးတော့လည်း အစားထိုး အလွယ်တကူ ပေးချေနိုင်ပါတယ်ခင်ဗျာ။
ဒေတာလည်း ရ၊ ပွိုင့်လည်းရတဲ့ MyEZTopup နဲ့ဆိုတော့ အမြဲတမ်း အဆင်ပြေနေမှာ အသေအချာပါပဲနော်
ကဲ… အခုပဲ 𝐌𝐲𝐄𝐙𝐓𝐨𝐩𝐮𝐩 𝐀𝐩𝐩 ကို ဖွင့်ပြီး Data ဝယ်ယူလိုက်တော့နော်။ ဝယ်ယူရင်း အဆင်မပြေတာ တစ်စုံတစ်ရာရှိရင်လည်း Page ရဲ့ Chatbox (Messenger) မှာ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
Scroll to Top