ဒီဘက်ခေတ်မှာ နည်းပညာတွေ တိုးတက်လာသလို ဘေးထွက်ဆိုးကျိုးအနေနဲ့ အွန်လိုင်းပေါ်က လိမ်လည်သူ (Scammers) တွေကလည်း ပိုပြီး နည်းလမ်းစုံလာကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ငွေကြေးတွေကို ကာကွယ်ဖို့အတွက် ဒါလေးတွေ သိထားဖို့ လိုမယ်နော်
၁။ ဘယ်ကမှန်းမသိတဲ့ Link တွေ၊ App Install လုပ်ခိုင်းတာတွေကို အလွယ်တကူ မလုပ်ပါနဲ့။
၂။ ဘယ်သူ့ကိုမှ (ဘဏ်ဝန်ထမ်းပါလို့ ပြောရင်တောင်) မိမိရဲ့ OTP နံပါတ်ကို မပေးပါနဲ့။
၃။ နိုင်ငံခြားက ဖုန်းနံပါတ်တွေ ဒါမှမဟုတ် ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတွေကို အယုံမလွယ်ပါနဲ့။
ဒီလို အန္တရာယ်ရှိတဲ့ လုပ်ငန်းစုတွေရဲ့ လက်ထဲ ကိုယ်တိုင်လည်း မကျရောက်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေလည်း မထိခိုက်ဖို့အတွက် အမြဲတမ်း “သတိ” ရှိနေဖို့ တိုက်တွန်းပါရစေခင်ဗျာ။
