“အိမ်ကလူကြီးတွေနဲ့ မောင်နှမတွေအတွက် ဖုန်းဘေလ်အမြဲအဆင်သင့်ဖြစ်နေစေဖို့ EZTopup ရဲ့ Family Plan လာပါပြီ
“”မေမေ့ဖုန်းထဲ ဘေလ်ကုန်သွားလို့ ဖြည့်ပေးပါဦး””
“”ညီလေး ဒေတာကုန်သွားလို့ ဝယ်ပေးဦး”” ဆိုတာမျိုးတွေ ကြုံဖူးကြတယ်ဟုတ်
မိသားစုဝင်တွေအတွက် တစ်ယောက်ချင်းစီ လိုက်ဖြည့်ပေးနေရတာမျိုး မဟုတ်ဘဲ တစ်နေရာတည်းကနေ အားလုံးကို အလွယ်တကူ စီမံပေးချင်တဲ့သူတွေအတွက် သတင်းကောင်းရှိပါတယ်။
အခုဆိုရင် EZTopup Web App မှာ “”Family Plan”” ဆိုတဲ့ Feature အသစ်လေး ပါဝင်လာပြီမို့ အရမ်းကို အဆင်ပြေသွားပြီနော်။
Family Plan မှာ ဘာတွေ လုပ်လို့ရမလဲဆိုတော့
– မိသားစုဝင် (၁၀) ယောက်အထိ တစ်ခါတည်း Add လုပ်ထားလို့ရပါတယ်။
– Mobile Top Up၊ Data Package တွေတင်မကဘဲ Prepaid Card နဲ့ Gift Card တွေကိုပါ တစ်နေရာတည်းကနေ မိသားစုဝင်တွေအတွက် အလွယ်တကူ ဝယ်ယူပေးနိုင်မှာပါ။
– ချစ်ရတဲ့သူတွေ ဖုန်းဘေလ်ကုန်မှာ၊ အင်တာနက်ပြတ်သွားမှာကို စိတ်ပူစရာမလိုတော့ဘဲ အချိန်မရွေး လှမ်းကြည့်ပေးလို့ရသွားတာပေါ့။
မိသားစုဝင်တွေအချင်းချင်း ပိုမိုနီးကပ်စေဖို့နဲ့ အလုပ်ရှုပ်သက်သာစေဖို့ EZTopup ရဲ့ Family Plan ကို အခုပဲ စမ်းသုံးကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ။
အသုံးပြုရတာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိလိုတာပဲဖြစ်ဖြစ် ရှိရင်လည်း Messenger ကနေ အားမနာတမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ လူကြီးမင်းတို့အတွက် ကျွန်တော်တို့ Team က အမြဲအသင့်ရှိနေပါတယ်နော်။
