ငွေလိမ်သူတွေထံမှ မိမိကိုယ်ကို ကာကွယ်ရန် – OTP နှင့် ပတ်သက်၍ သိထားသင့်သည်များ

မိမိရဲ့လုံခြုံရေးအတွက် OTP ဆိုတာ ဘယ်သူ့ကိုမှ မပြောရဘူးနော်
EZTopup အသုံးပြုသူ သူငယ်ချင်းတို့ရေ… လတ်တလောမှာ ဖုန်းဆက်ပြီး “ကိုယ်စားလှယ်ပါ” “ဝန်ထမ်းပါ” ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ မိမိဖုန်းထဲကို ရောက်လာတဲ့ OTP (One Time Password) ကို တောင်းဆိုပြီး ငွေလိမ်ယူတာမျိုးတွေ ရှိနေပါတယ်။
ဒါကြောင့် ဒါလေးကို အမြဲသတိပြုပေးကြပါဦးခင်ဗျာ
OTP ဆိုတာ ကိုယ်တစ်ယောက်တည်းပဲ သိရမယ့် လျှို့ဝှက်နံပါတ်ပါ
ဝန်ထမ်းပဲဖြစ်ဖြစ်၊ ဘယ်သူကပဲ ဖုန်းဆက်တောင်းတောင်း (လုံးဝ) မပြောပြပါနဲ့။
EZTopup ဝန်ထမ်းတွေအနေနဲ့လည်း အသုံးပြုသူတွေရဲ့ OTP ကို ဘယ်တော့မှ ဖုန်းဆက်မတောင်းပါဘူး။
သံသယရှိရင် ချက်ချင်းအကြောင်းကြားပါ
တကယ်လို့ တစ်စုံတစ်ယောက်က OTP တောင်းတာမျိုး ကြုံလာရရင် ဘာမှမလုပ်ဘဲ ကျွန်တော်တို့ရဲ့ Customer Service ကို ချက်ချင်း အသိပေးပေးပါဦးနော်။
အချင်းချင်းလည်း သတိပေးစကားလေးတွေ မျှဝေပေးလိုက်ကြရအောင်လားခင်ဗျာ
Scroll to Top