EZTopup Mobile App_Ecosystem

ပိုမိုပြည့်စုံတဲ့ Ecosystem အသစ်ကြီးနဲ့အတူ EZTopup Mobile App လာပါပြီ 📱🚀

EZTopup ကို အမြဲအားပေးနေကြတဲ့ မိတ်ဆွေတို့အတွက် သတင်းကောင်းလေးတစ်ခု ပါးပါရစေ။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ပိုမိုမြန်ဆန်၊ လွယ်ကူပြီး တစ်နေရာတည်းမှာ အစုံအလင် အသုံးပြုနိုင်ဖို့အတွက် MyEZTopup Mobile Application ကို Play Store, App Store နဲ့ Huawei AppGallery (၃) နေရာစလုံးမှာ အခုပဲ စတင် Download ရယူနိုင်ပါပြီ။

အရင်က အသုံးပြုခဲ့တဲ့ PWA (Web App) ကို ဆက်လက်အသုံးပြုနိုင်တော့မည်မဟုတ်ဘဲ Discontinue ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုမပြတ်တောက်စေဖို့ အခုပဲ App အသစ်လေးကို ပြောင်းလဲအသုံးပြုပေးကြပါဦးခင်ဗျာ။
ပြီးပြည့်စုံတဲ့ EZTopup Ecosystem အသစ်မှာ ဘာတွေထူးခြားလာမလဲဆိုတာ ကြည့်လိုက်ရအောင်👇👇👇
🔐 Google Login
Password တွေ မှတ်နေစရာမလိုတော့ဘူး! Google Account ရှိရုံနဲ့ တစ်ချက်နှိပ်ရုံနဲ့ Login ဝင်ပြီး ပိုမိုမြန်ဆန်၊ လုံခြုံစွာ အသုံးပြုနိုင်ပါပြီ။
📍 Merchant Map အပြောင်းအလဲ
အနီးနားမှာရှိတဲ့ Merchant ဆိုင်ခွဲတွေကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ဖို့အတွက် Merchant Map Design ကို အမြင်သစ်၊ ပုံစံသစ်လေးနဲ့ ပြောင်းလဲပေးထားပါတယ်။
🎁 Share Link with Celebration Effects
ချစ်ခင်ရသူတွေဆီ လက်ဆောင်ပို့တဲ့အခါ ပိုပြီး Vibe လန်းသွားအောင် Celebration Effect လေးတွေ ထည့်သွင်းပေးထားပါတယ်။ လက်ဆောင် Link ကို ဖွင့်လိုက်တာနဲ့ ဖုန်းမျက်နှာပြင်တစ်ခုလုံး Celebration Effect လေးတွေနဲ့ ကြိုဆိုနေမှာပါ။
👨‍👩‍👧‍👦 Family Plan
မိသားစုဝင် (၁၀) ယောက်အထိ စာရင်းသွင်းထားနိုင်ပြီး ဖုန်းငွေဖြည့်တာ၊ Data Package ဝယ်တာတင်မကဘဲ Prepaid Card နဲ့ Gift Card တွေကိုပါ တစ်နေရာတည်းကနေ လစဥ်သတ်မှတ်ရက်လေး ရောက်တိုင်း အလွယ်တကူ Auto ဖြည့်ပေးသွားနိုင်မှာပါ။
🏢 EZ Auto Topup (for Organizations)
ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတွေအတွက် ဝန်ထမ်းတွေကို Ph Bill ဖြည့်ပေးရတာ ပိုလွယ်သွားပါပြီ။ အပတ်စဉ် (သို့မဟုတ်) လစဉ် အလိုအလျောက် ဖြည့်ပေးနိုင်အောင် Schedule ဆွဲထားလို့ရတဲ့ စနစ် ပါဝင်ပါတယ်။
🎟️ EZ Coupon Topup (for Organizations)
Business လုပ်ကိုင်သူတွေအတွက် Product Campaign တွေလုပ်တဲ့အခါ ဖုန်းဘေလ် မဲဖောက်ပေးတာမျိုး ဒါမှမဟုတ် Coupon နဲ့ ငွေဖြည့်ပေးတာမျိုးတွေကို စနစ်တကျ လုပ်ဆောင်နိုင်မှာပါ။
💡 သို့သော်အထူးသတိပြုရန် အချက်လေးအနေနဲ့ကတော့
EZ Auto Topup နှင့် EZ Coupon Topup ဝန်ဆောင်မှုများကိုတော့ များမကြာမီကာလများတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်အကြောင်းကြားအပ်ပါသည်။
ပြီးပြည့်စုံတဲ့ EZTopup Ecosystem အသစ်ကို စတင်သုံးကြည့်ဖို့ အခုပဲ အောက်ပါ Link ကနေ Mobile App ကို Download ရယူလိုက်ပါ 🔗
Scroll to Top